Friday, December 5, 2014

လွမ်းတယ်

နှင်းကဖြူစင်ပါတယ်
ဆောင်းညကိုဖြတ်သန်း
ငါ့ကိုလာစင်တဲ့ အလင်းတန်းကြမှ
ပြာလို့ဝေလို့..

(နင်မရယ်နဲ့နော်တဲ့)

''နင်ကကဗျာဆို..ငါကဗလာပေါ့
မိုက်မိုက်ရိုင်းရိုင်းခူးမှ
ကြွေမယ့်ပန်းတွေကို
တို့နှစ်ယောက်အတူမုန်းမယ်''

(ဟီး..ဟီး)
(နင်နော်..ဂွပ်)
(အ!)

မိမွန်ရယ်..
နင့်ကဗျာလေးတွေလွမ်းတယ်..။
           
                           ဒီလွမ်းနောင်

မစာဥ

ခရေဖူးတွေ ခူးခူးပြန်တတ်တဲ့
အရူးမလေးကိုမြင်မိတိုင်း
နိုင်မြစ်ဝှမ်းမှာ
ငါ..ဇာဘုရင်လာမလုပ်ချင်ဘူး..

ပိရမစ်တွေရယ်
တခဏလေးမြိုသိပ်ပေးပါ
ဒီလက်ပံပွင့်ဝေတွေ
အရူးမလေးကောက်သွားပါစေ..

မီးခိုးမြူတွေ တလူလူဝေ့နေတဲ့
မြစ်ဝှမ်းတို့ရေ..
ညှင်သာနူးညံ့တဲ့
တောတန်းလေးတစ်ခုလောက်
အဲဒီ အရူးမလေးကို
ဖြတ်သန်းစီးဆင်းပေးစမ်းပါ..

ဆွတ်ပျံ့အုံ့မှိုင်းတာချင်းအတူတူ
ခနော်ခနဲ့အိမ်အိုလေးရဲ့
ဒယီးဒယိုင်အလွမ်းပျိုတွေ
ငါ့အရူးမလေးကို
ကလူကျီစယ် မပြုလိုက်ပါနဲ့..

ငါတို့ကတိအတိုင်း
ဖြူစင်တဲ့ဇလပ်ပန်းတို့ထံ
နေမ၀င်ခင်သွားရဦးမယ်

ရှိသမျှ လေပြေနုတွေအားလုံးတို့ရယ်...

ဇလပ်ပန်းတွေလိုဖြူစင်လွန်းတဲ့
အရူးမလေးသူမအတွက်
ဖြန့်..ကျက်..တိုက်..ခတ်..ပေး..ကြ..ပါ။
   
                          ဒီလွမ်းနောင်

ယိမ်းပြီးနွဲ့သွားတဲ့
ဂငယ်ကွေ့လေးရေ
လက်ကိုင်မပါတဲ့
ကိုယ့်အဘိဓါန်မှာ
လက်ပြရင်း..ဝေးလို့..

မင်းအနိုင်ယူသွားတာ
သုညတွေရဲ့လူပါ
ချွေရမှ ကျေနပ်မယ်ဆိုလို့
အဆုံးစွန်ထိဝေပစ်ခဲ့တယ်..

အကြိမ်ကြိမ်နီပြတဲ့ပွိုင့်ကိုမှ
တွယ်ငြိမိတာဆိုးတယ်
အသင်္ချေနီပြစမ်းပါ
စိတ်ရှိလက်ရှိကို
စက်ရပ်ထားလိုက်မယ်..

ကဗျာတွေကိုချစ်သလို
ကဗျာဆရာတွေကိုမုန်းလိုက်ပါ...။

                       ဒီလွမ်းနောင်

သတိရပါရဲ့ ဧကရီ
နင့်လိုဖြူစင်တဲ့တောင်ဇလပ်ပန်းတွေ
နမ်းသူမဲ့ကမ်းပါးယံမှာ
တောင်စဉ်ရေမရ ပြန်လာပွင့်နေတယ်
တခါတခါ နင့်လိုဖြူစင်လိုက်ချင်တယ်..

နင်မငိုပါနဲ့ ဧကရီ
တဆင့်စကားတဆင့်နားနဲ့
နင့်မျက်ရည်သံ ခပ်တိုးတိုးလေး
ငါကြားမိမှာစိုးလို့ပါ..

ထားခဲ့လိုက်ပါ ဧကရီ
နင်မြင်လိုက်တဲ့ အလင်းဖျော့က
လှိုင်းလေးကိုမှ အဖော်ပြုရတဲ့
မီးပြတိုက်ပါ..

ဝေးပစ်လိုက်ပါ ဧကရီ
တိမ်ခိုးညိုတွေ ခြေရာပျောက်တဲ့အထိ
ဝေးပစ်ခဲ့ပါ..
နင့်ရင်ခွင် ပင်လယ်ပြင်
ခပ်ကျဲကျဲ အလွမ်းတွေထဲ
ငါ..
လက်ပစ်မကူးရဲလို့ပါ..

ငါမပြောချင်ဘူး ဧကရီ
နင့်ကိုငါလွမ်းပါတယ် ဧကရီ
နင့်ကိုငါသိပ်ချစ်ပါတယ် ဧကရီ..

တော်ပြီဟာ
ငါမရေးချင်ဘူး ဧကရီ
ကွဲအက်သံတွေ ဆို့နင့်နေတဲ့
နင့်ကဗျာငယ် ခပ်ဆွေးဆွေးမှာ
ငါမှော်ကဝေပြန်မဖြစ်ချင်လို့ပါ..။

                         ဒီလွမ်းနောင်

သွေးတစက်စက်
လှော်ခတ်သံတွေ
မင်းတြားတို့လက်မှာ
တဖြတ်ဖြတ်တလတ်လတ်
သံလျှပ်တို့ရဲ့ရာဇ၀င်မှာ
တောင်သမာန် ငိုခဲ့ဘူးတယ်..

အဲဒီနန်းဆောင်မှာ
ဆွံ့အခြင်းတွေနဲ့
ဆွံ့အစွာနေဖို့
ဆွံ့အခြင်းအကြောင်းတွေကို
ဆွံ့အခဲ့ကြဘူးတယ်..

အဲဒီနန်းဆောင်မှာ
နေရောင်မမြင်တဲ့
အမှောင်အထပ်ထပ်
အမိန့်တွေကြေမွ
တော်မ၀င်တဲ့ပန်းတစ်ပွင့်
ကြွေလွင့်ခဲ့ဘူးတယ်..

အဲဒီနန်းဆောင်မှာ
အခန့်မသင့်ရင်
ကဗျာတစ်ပုဒ်ကိုအကျဉ်းချဖို့
လက်မရွံ့တပ်သားတွေ
ရှိခဲ့ဘူးတယ်..

အဲဒီနန်းဆောင်မှာ
ဘောင်မ၀င်တဲ့
ရင်ခုန်သံစည်းချက်တွေ
တခမ်းတနား
ကွပ်မျက်ခံရဘူးတယ်..

အဲဒီနန်းဆောင်မှာ
အလင်းလက်ဆုံးမှေးမှိန်တာတောင်
သံလျှက်ကိုက ၀ံ့ကြွားလွန်းတယ်
အစ်ကိုတော်(မောင်ဖေငယ်)
အဲဒီနန်းဆောင်မှာပဲ
ရှိပါစေတော့..။

သံလျှက်ကိုက ၀ံ့ကြွားလွန်းတယ်
အစ်မတော်(ဒိုင်းခင်ခင်)
အဲ့ဒီနန်းဆောင်မှာပဲ
ရှိပါစေတော့..။

ဒီလွမ်းနောင်

တောင်သမာန်ရဲ့ညဟာ
ပြာလဲ့တုန်ရီစွာနဲ့
ဝိုးတ၀ါးဖျော့ဖျော့လေး
မိန်းမောဝေရီနေတယ်..

ခိုးဝှက်ဝင်လာတတ်တဲ့
အနောက်ဘက်ရဲ့လေပြေတွေက
သူမရဲ့ဆံနွယ်ပျော့ပျော့ကို
ယိမ်းနွဲ့ခေါ်ဆောင်ချင်နေတယ်..

တစ်ချက်ပြုံးပြီးခဏငေးသွားတဲ့
လေသာဆောင်လေးရေ
သန်းခေါင်ယံညတွေအကြောင်း
သူမကိုပြောဖြစ်အောင်ပြောပြပေးပါ..

ရုတ်တရက်လှုပ်ခတ်သွားတဲ့
လိုက်ကာလေးရယ်
သန်းခေါင်ယံညတွေအကြောင်း
သူမကိုပြောဖြစ်အောင်ပြောပြပေးပါ..

အရှေ့ကနေအနောက်ရိုးမအထိ
ဆက်လက်ပျံသန်းဖို့
တစ်ဖက်ကမ်းကကဗျာလေးရေ
ငါ့ကို လွပ်လွပ်လပ်လပ်လေး
ရူးဝေခွင့်ပြုပါ..

တောင်သမာန်ရဲ့ညမှာ
သင်းကွဲသွားတဲ့ဇင်ယော်တွေ
ခေါင်းငိုက်စိုက်ချ
ဒီညလဲငါနဲ့အတူ
အရင်လိုအဖော်မဲ့နေမှာပါပဲ..။
                                    ဒီလွမ်းနောင်

Thursday, December 4, 2014

တက္ကသိုလ်ဘုန်းနိုင်၏၀တ္ထုများ(၁၉)အုပ်




  1. တက္ကသိုလ်ဘုန်းနိုင် - ညီမလေးရယ်စိုးရိမ်မိတယ်
  2. တက္ကသိုလ်ဘုန်းနိုင် - တန်ခူးလေနှင့်လျောတော့သည်
  3. တက္ကသိုလ်ဘုန်းနိုင် - တပြည်သူမရွှေထား
  4. တက္ကသိုလ်ဘုန်းနိုင် - ပညာရဲ့သဘော
  5. တက္ကသိုလ်ဘုန်းနိုင် - မိုးညအိပ်မက်မြူ
  6. တက္ကသိုလ်ဘုန်းနိုင် - မိုးတွေရွာမှဖြင့်လျှင်ကွယ်
  7. တက္ကသိုလ်ဘုန်းနိုင် - မျက်ရည်လောကများ၏ဟိုမှာဘက်
  8. တက္ကသိုလ်ဘုန်းနိုင် - ရှားလော့ဒေဝီနှင့် ဘာသာပြန်ကဗျာများ
  9. တက္ကသိုလ်ဘုန်းနိုင် - လွမ်း
  10. တက္ကသိုလ်ဘုန်းနိုင် - လွမ်းတေးမဆုံးစေနှင့်စောသခင်
  11. တက္ကသိုလ်ဘုန်းနိုင် - ဝသန်လေချိန်မှန်ကူး
  12. တက္ကသိုလ်ဘုန်းနိုင် - သူ့ ကျွန်မခံပြီ
  13. တက္ကသိုလ်ဘုန်းနိုင် - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
  14. တက္ကသိုလ်ဘုန်းနိုင် - အိုင်ကျူ မည်မျှပုံ၍ယုံရမည်နည်း
  15. တက္ကသိုလ်ဘုန်းနိုင် - ဤမြေမှသည်
  16. တက္ကသိုလ်ဘုန်းနိုင် - မောင့်ဘဝညအလားကွယ်
  17. တက္ကသိုလ်ဘုန်းနိုင် - မြေခရွက်ဝါ
  18. တက္ကသိုလ်ဘုန်းနိုင် - နွေကန္တာဦး
  19. တက္ကသိုလ်ဘုန်းနိုင် - နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့်

တာရာမင်းဝေ၏စာအုပ်များ(22)အုပ်
ဒေါင်းလို့အဆင်မပြေရင်..Cbox..မှာပြောခဲ့ပေးပါ...ကျေးဇူးအများကြီးတင်ပါတယ် ...


၁။    တာရာမင်းဝေ -  သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်

၂။    တာရာမင်းဝေ -  သူ့အိုးပုတ်ကလေးကျွန်တော်ပြန်မပေးပါ

၃။    တာရာမင်းဝေ -  လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇ၀င်

၎။    တာရာမင်းဝေ -  ပန်းခေတ်ကလမင်း

၅။    တာရာမင်းဝေ -  ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု

၆။    တာရာမင်းဝေ -  ကျွန်တော်နှင့်ဧဒင်ကချေသည်

၇။    တာရာမင်းဝေ -  ၀င်္ဂဘာကိုဖွင့်တဲ့သော့

၈။    တာရာမင်းဝေ -  ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင်

၉။    တာရာမင်းဝေ -  ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း

၁၀။  တာရာမင်းဝေ -  မိုးခေါင်လို့တီးတဲ့ဗုံသံ

၁၁။  တာရာမင်းဝေ -  ပြိုင်မြင်းတို့ရဲ့ခွာသံ

၁၂။  တာရာမင်းဝေ -  အမှတ်တရစာစုများ

၁၃။  တာရာမင်းဝေ -  အရှေ့မြို့ရိုးမှမိုးရေစက်များ

၁၄။  တာရာမင်းဝေ -  ၀တ်မှုန်တစ်စက်ရဲ့အတ္ထုပ္ပတ္တိ

၁၅။  တာရာမင်းဝေ -  ကောင်းကင်အကြွေကောက်တဲ့လက်

၁၆။  တာရာမင်းဝေ -  ရွှေအတောင်ပံမှာဒဏ်ရာတွေပြန်ကောင်းလာတဲ့နေ့

၁၇။  တာရာမင်းဝေ -  ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး

၁၈။  တာရာမင်းဝေ -  ကိုးမရှိတဲ့န၀င်း

၁၉။  တာရာမင်းဝေ -  ရှူး

၂၀။  တာရာမင်းဝေ -  လရောင်ကိုပန်၍ညဥ့်ဦးယံတွင်းလည်းမွှေးမြမြဖြူစင်နိုင်စေ

၂၁။  တာရာမင်းဝေ -  နက္ခက်ရစ်သံ

၂၂။  တာရာမင်းဝေ -  လူနံပါတ်(၁၃)


;;