Friday, December 5, 2014
သတိရပါရဲ့ ဧကရီ
နင့်လိုဖြူစင်တဲ့တောင်ဇလပ်ပန်းတွေ
နမ်းသူမဲ့ကမ်းပါးယံမှာ
တောင်စဉ်ရေမရ ပြန်လာပွင့်နေတယ်
တခါတခါ နင့်လိုဖြူစင်လိုက်ချင်တယ်..
နင်မငိုပါနဲ့ ဧကရီ
တဆင့်စကားတဆင့်နားနဲ့
နင့်မျက်ရည်သံ ခပ်တိုးတိုးလေး
ငါကြားမိမှာစိုးလို့ပါ..
ထားခဲ့လိုက်ပါ ဧကရီ
နင်မြင်လိုက်တဲ့ အလင်းဖျော့က
လှိုင်းလေးကိုမှ အဖော်ပြုရတဲ့
မီးပြတိုက်ပါ..
ဝေးပစ်လိုက်ပါ ဧကရီ
တိမ်ခိုးညိုတွေ ခြေရာပျောက်တဲ့အထိ
ဝေးပစ်ခဲ့ပါ..
နင့်ရင်ခွင် ပင်လယ်ပြင်
ခပ်ကျဲကျဲ အလွမ်းတွေထဲ
ငါ..
လက်ပစ်မကူးရဲလို့ပါ..
ငါမပြောချင်ဘူး ဧကရီ
နင့်ကိုငါလွမ်းပါတယ် ဧကရီ
နင့်ကိုငါသိပ်ချစ်ပါတယ် ဧကရီ..
တော်ပြီဟာ
ငါမရေးချင်ဘူး ဧကရီ
ကွဲအက်သံတွေ ဆို့နင့်နေတဲ့
နင့်ကဗျာငယ် ခပ်ဆွေးဆွေးမှာ
ငါမှော်ကဝေပြန်မဖြစ်ချင်လို့ပါ..။
ဒီလွမ်းနောင်
Labels: ဒီလွမ်းနောင်(ကဗျာ)
0 Comments:
Subscribe to:
Post Comments (Atom)