Friday, December 5, 2014
တောင်သမာန်ရဲ့ညဟာ
ပြာလဲ့တုန်ရီစွာနဲ့
ဝိုးတ၀ါးဖျော့ဖျော့လေး
မိန်းမောဝေရီနေတယ်..
ခိုးဝှက်ဝင်လာတတ်တဲ့
အနောက်ဘက်ရဲ့လေပြေတွေက
သူမရဲ့ဆံနွယ်ပျော့ပျော့ကို
ယိမ်းနွဲ့ခေါ်ဆောင်ချင်နေတယ်..
တစ်ချက်ပြုံးပြီးခဏငေးသွားတဲ့
လေသာဆောင်လေးရေ
သန်းခေါင်ယံညတွေအကြောင်း
သူမကိုပြောဖြစ်အောင်ပြောပြပေးပါ..
ရုတ်တရက်လှုပ်ခတ်သွားတဲ့
လိုက်ကာလေးရယ်
သန်းခေါင်ယံညတွေအကြောင်း
သူမကိုပြောဖြစ်အောင်ပြောပြပေးပါ..
အရှေ့ကနေအနောက်ရိုးမအထိ
ဆက်လက်ပျံသန်းဖို့
တစ်ဖက်ကမ်းကကဗျာလေးရေ
ငါ့ကို လွပ်လွပ်လပ်လပ်လေး
ရူးဝေခွင့်ပြုပါ..
တောင်သမာန်ရဲ့ညမှာ
သင်းကွဲသွားတဲ့ဇင်ယော်တွေ
ခေါင်းငိုက်စိုက်ချ
ဒီညလဲငါနဲ့အတူ
အရင်လိုအဖော်မဲ့နေမှာပါပဲ..။
ဒီလွမ်းနောင်
Labels: ဒီလွမ်းနောင်(ကဗျာ)
0 Comments:
Subscribe to:
Post Comments (Atom)