Tuesday, December 9, 2014
Labels: ဒီလွမ်းနောင်(ကဗျာ)
Friday, December 5, 2014
Labels: ဒီလွမ်းနောင်(ကဗျာ)
ခရေဖူးတွေ ခူးခူးပြန်တတ်တဲ့
အရူးမလေးကိုမြင်မိတိုင်း
နိုင်မြစ်ဝှမ်းမှာ
ငါ..ဇာဘုရင်လာမလုပ်ချင်ဘူး..
ပိရမစ်တွေရယ်
တခဏလေးမြိုသိပ်ပေးပါ
ဒီလက်ပံပွင့်ဝေတွေ
အရူးမလေးကောက်သွားပါစေ..
မီးခိုးမြူတွေ တလူလူဝေ့နေတဲ့
မြစ်ဝှမ်းတို့ရေ..
ညှင်သာနူးညံ့တဲ့
တောတန်းလေးတစ်ခုလောက်
အဲဒီ အရူးမလေးကို
ဖြတ်သန်းစီးဆင်းပေးစမ်းပါ..
ဆွတ်ပျံ့အုံ့မှိုင်းတာချင်းအတူတူ
ခနော်ခနဲ့အိမ်အိုလေးရဲ့
ဒယီးဒယိုင်အလွမ်းပျိုတွေ
ငါ့အရူးမလေးကို
ကလူကျီစယ် မပြုလိုက်ပါနဲ့..
ငါတို့ကတိအတိုင်း
ဖြူစင်တဲ့ဇလပ်ပန်းတို့ထံ
နေမ၀င်ခင်သွားရဦးမယ်
ရှိသမျှ လေပြေနုတွေအားလုံးတို့ရယ်...
ဇလပ်ပန်းတွေလိုဖြူစင်လွန်းတဲ့
အရူးမလေးသူမအတွက်
ဖြန့်..ကျက်..တိုက်..ခတ်..ပေး..ကြ..ပါ။
ဒီလွမ်းနောင်
Labels: ဒီလွမ်းနောင်(ကဗျာ)
Labels: ဒီလွမ်းနောင်(ကဗျာ)
သတိရပါရဲ့ ဧကရီ
နင့်လိုဖြူစင်တဲ့တောင်ဇလပ်ပန်းတွေ
နမ်းသူမဲ့ကမ်းပါးယံမှာ
တောင်စဉ်ရေမရ ပြန်လာပွင့်နေတယ်
တခါတခါ နင့်လိုဖြူစင်လိုက်ချင်တယ်..
နင်မငိုပါနဲ့ ဧကရီ
တဆင့်စကားတဆင့်နားနဲ့
နင့်မျက်ရည်သံ ခပ်တိုးတိုးလေး
ငါကြားမိမှာစိုးလို့ပါ..
ထားခဲ့လိုက်ပါ ဧကရီ
နင်မြင်လိုက်တဲ့ အလင်းဖျော့က
လှိုင်းလေးကိုမှ အဖော်ပြုရတဲ့
မီးပြတိုက်ပါ..
ဝေးပစ်လိုက်ပါ ဧကရီ
တိမ်ခိုးညိုတွေ ခြေရာပျောက်တဲ့အထိ
ဝေးပစ်ခဲ့ပါ..
နင့်ရင်ခွင် ပင်လယ်ပြင်
ခပ်ကျဲကျဲ အလွမ်းတွေထဲ
ငါ..
လက်ပစ်မကူးရဲလို့ပါ..
ငါမပြောချင်ဘူး ဧကရီ
နင့်ကိုငါလွမ်းပါတယ် ဧကရီ
နင့်ကိုငါသိပ်ချစ်ပါတယ် ဧကရီ..
တော်ပြီဟာ
ငါမရေးချင်ဘူး ဧကရီ
ကွဲအက်သံတွေ ဆို့နင့်နေတဲ့
နင့်ကဗျာငယ် ခပ်ဆွေးဆွေးမှာ
ငါမှော်ကဝေပြန်မဖြစ်ချင်လို့ပါ..။
ဒီလွမ်းနောင်
Labels: ဒီလွမ်းနောင်(ကဗျာ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Thursday, December 4, 2014
တက္ကသိုလ်ဘုန်းနိုင်၏၀တ္ထုများ(၁၉)အုပ်
- တက္ကသိုလ်ဘုန်းနိုင် - ညီမလေးရယ်စိုးရိမ်မိတယ်
- တက္ကသိုလ်ဘုန်းနိုင် - တန်ခူးလေနှင့်လျောတော့သည်
- တက္ကသိုလ်ဘုန်းနိုင် - တပြည်သူမရွှေထား
- တက္ကသိုလ်ဘုန်းနိုင် - ပညာရဲ့သဘော
- တက္ကသိုလ်ဘုန်းနိုင် - မိုးညအိပ်မက်မြူ
- တက္ကသိုလ်ဘုန်းနိုင် - မိုးတွေရွာမှဖြင့်လျှင်ကွယ်
- တက္ကသိုလ်ဘုန်းနိုင် - မျက်ရည်လောကများ၏ဟိုမှာဘက်
- တက္ကသိုလ်ဘုန်းနိုင် - ရှားလော့ဒေဝီနှင့် ဘာသာပြန်ကဗျာများ
- တက္ကသိုလ်ဘုန်းနိုင် - လွမ်း
- တက္ကသိုလ်ဘုန်းနိုင် - လွမ်းတေးမဆုံးစေနှင့်စောသခင်
- တက္ကသိုလ်ဘုန်းနိုင် - ဝသန်လေချိန်မှန်ကူး
- တက္ကသိုလ်ဘုန်းနိုင် - သူ့ ကျွန်မခံပြီ
- တက္ကသိုလ်ဘုန်းနိုင် - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
- တက္ကသိုလ်ဘုန်းနိုင် - အိုင်ကျူ မည်မျှပုံ၍ယုံရမည်နည်း
- တက္ကသိုလ်ဘုန်းနိုင် - ဤမြေမှသည်
- တက္ကသိုလ်ဘုန်းနိုင် - မောင့်ဘဝညအလားကွယ်
- တက္ကသိုလ်ဘုန်းနိုင် - မြေခရွက်ဝါ
- တက္ကသိုလ်ဘုန်းနိုင် - နွေကန္တာဦး
- တက္ကသိုလ်ဘုန်းနိုင် - နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့်
တာရာမင်းဝေ၏စာအုပ်များ(22)အုပ်
ဒေါင်းလို့အဆင်မပြေရင်..Cbox..မှာပြောခဲ့ပေးပါ...ကျေးဇူးအများကြီးတင်ပါတယ် ...
၁။ တာရာမင်းဝေ - သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်
၂။ တာရာမင်းဝေ - သူ့အိုးပုတ်ကလေးကျွန်တော်ပြန်မပေးပါ
၃။ တာရာမင်းဝေ - လူငယ်တစ်ယောက်ရဲ့ကျောက်ထွင်းရာဇ၀င်
၎။ တာရာမင်းဝေ - ပန်းခေတ်ကလမင်း
၅။ တာရာမင်းဝေ - ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
၆။ တာရာမင်းဝေ - ကျွန်တော်နှင့်ဧဒင်ကချေသည်
၇။ တာရာမင်းဝေ - ၀င်္ဂဘာကိုဖွင့်တဲ့သော့
၈။ တာရာမင်းဝေ - ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင်
၉။ တာရာမင်းဝေ - ကိုယ့်လက်နဲ့ဖမ်းမိတဲ့နဂါးငွေ့တန်း
၁၀။ တာရာမင်းဝေ - မိုးခေါင်လို့တီးတဲ့ဗုံသံ
၁၁။ တာရာမင်းဝေ - ပြိုင်မြင်းတို့ရဲ့ခွာသံ
၁၂။ တာရာမင်းဝေ - အမှတ်တရစာစုများ
၁၃။ တာရာမင်းဝေ - အရှေ့မြို့ရိုးမှမိုးရေစက်များ
၁၄။ တာရာမင်းဝေ - ၀တ်မှုန်တစ်စက်ရဲ့အတ္ထုပ္ပတ္တိ
၁၅။ တာရာမင်းဝေ - ကောင်းကင်အကြွေကောက်တဲ့လက်
၁၆။ တာရာမင်းဝေ - ရွှေအတောင်ပံမှာဒဏ်ရာတွေပြန်ကောင်းလာတဲ့နေ့
၁၇။ တာရာမင်းဝေ - ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး
၁၈။ တာရာမင်းဝေ - ကိုးမရှိတဲ့န၀င်း
၁၉။ တာရာမင်းဝေ - ရှူး
၂၀။ တာရာမင်းဝေ - လရောင်ကိုပန်၍ညဥ့်ဦးယံတွင်းလည်းမွှေးမြမြဖြူစင်နိုင်စေ
၂၁။ တာရာမင်းဝေ - နက္ခက်ရစ်သံ
၂၂။ တာရာမင်းဝေ - လူနံပါတ်(၁၃)
Friday, August 29, 2014
''ဥယျာဉ်မှူးရဲ့အိမ်စာ''
========
နင့်အတွက်ငါက
အကြိမ်ကြိမ်မှားသွားလို့
အထပ်ထပ်အဖျက်ခံခဲ့ရတဲ့
ခဲဖျက်..
နင့်အတွက်ငါက
အဖြေမရှိလို့
တစ်ရွက်ချန်ခဲ့တဲ့
ပြန်မစစ်မိတဲ့ပုစ္ဆာ..
နင့်အတွက်ငါက
စတိုခန်းမှာစွန့်ပစ်ခဲ့တဲ့
အရင်နှစ်က
လွယ်အိတ်လေး..
နင့်အတွက်ငါက
နေပူလို့
ခဏယူဆောင်းသွားတဲ့
သူငယ်ချင်းတစ်ယောက်ရဲ့
ထီးတစ်လက်..
နင့်အတွက်ငါက
ပြန်အမ်းတာ
မစောင့်နိုင်လို့
မယူဖြစ်ခဲ့တဲ့
အကြွေစေ့လေး..
နင့်အတွက်ငါက
မီးပျက်နေတုန်း
မီးညှိလိုက်တဲ့
ခါးကွေးနေတဲ့
ဖယောင်းတိုင်..
ငါ့အတွက်မရှိခဲ့ဘူးတဲ့နတ်သမီးလေးရေ..
နင့်အတွက်ငါက
အလှပဆုံးတံဆိပ်ခေါင်းနဲ့
အရက်စက်ဆုံး
စုတ်ဖြဲခံလိုက်ရတဲ့
စာအိတ်လေးပါ...။
စောနောင်
(29.8.2014)
Labels: ဒီလွမ်းနောင်(ကဗျာ)
Thursday, August 28, 2014
''အီကွေးရှင်း''
ကိုယ့်အရေခွံ
ကိုယ်ပြန်ထွန်းနေတဲ့
မီးတိုင်ရေ...
တိမ်မဖြစ်နိုင်တဲ့
အထာတွေနဲ့
အာဖရိကကိုမေးကြည့်
အန္တာတိကမှာ
ရေခဲတွေမရောင်းဘူး
သုဿာန်မှာကျင်းတူးတိုင်း
ယင်ကောင်တွေ
ဓါးသွားပေါ်မနားဘူး
နာရီစဉ်တွေရဲ့
အချိန်မမှန်ခြင်းမှာ
ကိုယ်တိုင်ကတ္တားပေါ်
တက်ကြည့်ပါ ပြီးမှ
ငါတို့ကို ဒိုင်လာလုပ်ပါ...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Wednesday, August 27, 2014
ဇလပ်ပန်းတွေ
တောင်စဉ်ရေမရ
ပြန့်ကျဲနေတဲ့
ကန္တာရ...
နှင်းတွေလို
မြူတွေလို
လျှာအရိုးမရှိတိုင်း
ပြောချင်နေတဲ့
လွင်ပြင်...
သူမစိတ်ကြိုက်
ပစ်ခတ်ဖမ်းဆီးသွားခဲ့တဲ့
ခရမ်းလွန်ရင်ခွင်
နေ့နဲ့ညကို
ပြန်ကာဖြေသိမ့်
အလဲလဲအကွဲကွဲ
သံယောဇဉ်လေး
ငါ့သက္ကရာဇ်မှာလွဲခဲ့တယ်...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)
Tuesday, August 26, 2014
အင်္ကျီဗလာကျွတ်နဲ့
တစ်နေ့တာ ငါမျှားချိတ်တွေ
ပန်းကန်ပြား လှလှလေးထဲ
ဟွန်းတီးလိုက်ကြ...
ငြိမ်သက်နေသူတွေ လက်အမြောက်
ပါးဟပ်တွေနာကျင်
အိမ်အပြန်မေ့တတ်လို့
ချိန်ခွင်လျှာ ငေးရတာအမော...။ ။
ဒီလွမ်းနောင်(အမရပူရ)
ကလျာမဂ္ဂဇင်း/ဧပြီ/2014
Labels: ဒီလွမ်းနောင်(ကဗျာ)
''လမ်းပျောက်နေတဲ့ကြယ်''
မေရာက်ဘူးတော့လဲ
မင်းရဲ့လင်းအားကိုမသိနိုင် ဘူးပေါ့
မင်းကလည်းခပ်မှိန်မှိန်လေ...
သူတို့လူရာသွင်းတာထက်စာရင်
မင်းရဲ့မှိတ်တုတ်က
ပိုပြီးလင်းလက်ပါတယ်...
နားလည်ပေးလိုက်ပါ
သူတို့ပါးစပ်က
အလင်းနစ်တွေတစ်နေ့ပိတ်မှာပါ ...
သူတို့ဆုတောင်းဖို့ ကြွေတဲ့ကြယ်တွေမှာ
မင်းနဲ့ငါမပါဘူး
သူငယ်ချင်း...။
ဒီလွမ်းနောင်(အမရပူရ)
Labels: ဒီလွမ်းနောင်(ကဗျာ)